ရေဦး ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးသန်းညွန့်၀င်းနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ ရေဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်ဆရာ၀န် ဆေးရုံအုပ် ဒေါက်တာ လေးဖြူပြာအောင်၊ မြို့နယ်ပညာရေးမှူရုံး လက်ထောက်ပညာရေးမှုး ဦးဇော်ဇော်မြင့်တို့ လိုက်ပါ၍ ယမန်နေ့ နံနက် ၁၀နာရီက ရေဦးမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲများတစ် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်ထားရှိမှု ဒုတိယ အအကြိမ် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
၀န်ကြီးနှင့်အဖွဲ့သည် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး လမ်းညွှန်ချက် ၅၅ ချက်နှင့်ညီညွတ်မှုရှိမရှိကို နှောကုန်း၊ မုံတိုင်ပင် ၊ ရွာဗုကြီး၊ ပန်းကုန်း၊ ရေမြက်၊ ထန်းတောဗောဓိ၊ ချမ်းသာ၊ ပုဏ္ဍကား(ရှေ့)၊ ၀သဲကျေးရွာ အ၊ ထ၊ က (ခွဲ) ကျောင်းများသို့ ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုအပ်သောအချက်အလက်များ ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ထားရန်မှာကြား ခဲ့သည်။
ထိုသို့စစ်ဆေးပြီးနောက် ၀န်ကြီးနှင့်အဖွဲ့က အ၊ ထ၊ က(ခွဲ) ကျောင်းတစ်ကျောင်းလျှင် လက်ဆေးဘေစင် တစ်ခု၊ အမှိုက်ပုံးနှစ်ပုံး၊ Handgel လက်ဆေးဆပ်ပြာဆီ၊ ကာဘော်လ်ဆပ်ပြာ၊ နှာခေါင်းစည်းများ၊ ဆရာ၊ ဆရာမများ အတွက် Face shield များကို တာ၀န်ခံကျောင်းအုပ်ဆရာ ဆရာမကြီးတို့ထံ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
သန်းသန်း (ပြန်/ဆက်)