သတင်းများ

အင်းစိန်မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် မကူးစက်နိုင်သော ရောဂါများ စောင့်ရှောက်ကုသခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေး စောင့်ရှောက်မှု နှင့် မကူးစက်နိုင်သော ရောဂါများ စောင့်ရှောက်ကုသခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေအမြင့်ဆုံးရောက်ရှိသည့် ၁၄၃၇ စင်တီမီတာမှ ၁ စင်တီမီတာပြန်ကျ
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် ၂ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၄၃၇ စင်တီမီတာထိ မြင့်တက်လာပြီး ၂၄ နာရီအတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ကာ ယနေ့နံနက် ၆ နာရီခွဲအချိန်တွင် ၁ စင်တီမီတာ ပြန်ကျလာပြီဖြစ်ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ပြုလုပ်
Aug 19,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊
လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ဒလမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ နှင့် တွေ့ဆုံဆွေးနွေး
Aug 19,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ မှန်ကန်စေရေးနှင့် မဲပေးခွင့်ရှိသူများအခွင့်အရေး
ရှင်ဗွေယန်မြို့အထွက် (၉) မိုင် တောင်ကြားလမ်းတွင် တောင်ကမ်းပါးပြိုကျမှု ဖြစ်ပွား
Aug 19,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့နှင့် (၉) မိုင်ခန့်အကွာ လီဒိုလမ်းမကြီး ရှင်ဗွေယန်-နန်းယွန်း တောင်ပေါ်တက်ရာ လမ်းတွင် ယမန်နေ့နံနက် (၁၀) နာရီက တောင်မြေကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ်ဝန်ကြီး  ကော့မှူးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံ
Aug 19,2020
၂၀၂၀-ပြည့်နှစ်  ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိရေးနှင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက်ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့  လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး  ဒေါ်မိုးမိုးစုကြည်နှင့်  အဖွဲ့ဝင်များသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်
Aug 19,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်းရေကြီး ရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းအတွင်း အမှိုက်များပိတ်ဆို့မှု မရှိစေရန်ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၌ ကွန်ကရစ်လမ်းခင်းရန် စက်ယန္တရားကြီးဖြင့် လမ်း Level ရရှိရေးလုပ်ငန်းဆောင်ရွက်
Aug 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကွန်ကရစ်လမ်းခင်းရန် စက်ယန္တရားကြီးဖြင့် လမ်း Level ရရှိရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။