ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် Covid 19 Economic Relief Plan (CERP) သင်တန်းဖွင့်လှစ်

ကျောက်မြောင်း ဩဂုတ်  ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊‌ ရွှေဘိုခရိုင်၊‌ ကျောက်မြောင်းမြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာကျော်မျိုးသူ ဦးဆောင်သောအဖွဲ့သည် ဇူလိုင် ၁၀ ရက်‌နေ့မှစတင်ပြီး ဩဂုတ်လ ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉ ၏ စီးပွားရေးအပေါ်  ထိခိုက်မှု သက်သာရေး  စီမံချက်အရ ကျေးရွာများတွင် (CERP) သင်တန်း ပို့ချဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းများ‌ကို ကျောက်မြောင်းမြို့၊ ကိုးပင်ကျေးရွာနှင့် မောင်းတက်ကျေးရွာတွင် (၂)ကြိမ်၊ အုန်းပေါက်ကျေးရွာ၊ တည်ပင်ကျေးရွာ၊ ဂွေးပင်ကုန်းကျေး ရွာနှင့် ကန်ကြီးတောကျေးရွာတို့ တွင် (၁)ကြိမ်စီဖြင့် သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။

ထိုသို့ သင်တန်းဖွင့်လှစ်ရာတွင် သင်တန်းတစ်ကြိမ်လျှင် (၃) ရက်ဖြင့် သင်တန်းသားဦးရေ (၂၀) ဦးဖြင့် သင်တန်း (၈)ကြိမ်တွင် စုစုပေါင်းသင်တန်းသားဦးရေ (၁၆၀) ဦးကို သင်ကြားပို့ချခဲ့ ကြောင်းကို ဒေါက်ကျော်မျိုးသူ ပြောကြားချက်အရ သိရသည်။

ဇင်ပိုင်မှူး(ကျောက်မြောင်း)