ပန်းတောင်း သြဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း(၈)ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ပန်းတောင်းမြို့ အားကစားရုံ ခန်းမ၌ ယမန်နေ့ နံနက် ပိုင်းက ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အားကစားမှူး ဒေါ်စောမာလာက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန်၊ ပြည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာအောင်နှင့် မြို့နယ်အားကစားမှူး ဒေါ်စောမာလာ၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်သင်းသင်းအေးတို့က အ.ထ.က ရှားဖြူကွင်း၊ အ.ထ.ကပဲကြီး၊ အ.ထ.က ကျောင်းဦး အ.ထ.က ကပစ(၃)၊ အ.ထ.က ကပစ (၁၆) တို့မှ အားကစားပစ္စည်း (၇)မျိုးစီနှင့် အလက ရွာသစ်၊ အလက ရွာသာယာ များကို အားကစားပစ္စည်း (၅)မျိုးစီ၊ မူလွန်တောင် ဘွေကျောင်း အားကစားပစ္စည်း (၃)စီတို့မှ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများထံ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လှူဒါန်းသည့် အားကစားပစ္စည်း (၄၈)မျိုးကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)