ကမ်းပြိုဘေးကြောင့် ပြိုကျနေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ရသော အိမ်ထောင်စုအတွက် ထောက်ပံ့ပေးအပ်

သာပေါင်း  ဩဂုတ် ၁၉

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ သာပေါင်းမြို့နယ်မှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ဆင်ကုံးကျေးရွာ၌ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာအပါအဝင် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကို ယမန်နေ့က သွားရောက်ထောက်ပံ့ခဲ့ပါသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများကို ငါးဘတ်ချောင်းကျေးရွာနေ ကမ်းပါးပြိုဘေးသင့်ခဲ့သည့် ဦးကြည်ဝင်း လက်ဝယ်သို့ အိမ်ဆောက်ပစ္စည်းဖိုး ကျပ်တစ်သိန်း၊ လူဦးရေ ၂ ဦးအတွက် ဆန်ရိက္ခာ ၇ ရက်စာ ရန်ပုံငွေ လေးထောင်နှစ်ရာ၊ စုစုပေါင်း ရန်ပုံငွေကျပ် တစ်သိန်း လေးထောင်နှစ်ရာနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ၊ တစ်အိမ်ထောင်စုစာနှင့် မုန်တိုင်းဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် ဗွီနိုင်း တစ်ချပ်တို့ကို သာပေါင်းမြို့နယ် ဦးစီးမှူး ဦးသာနိုင်အောင်၊ ငါးဘတ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးတို့က သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်

မျိုးဇော်သိန်း ၊သာပေါင်း(ပြန်/ဆက်)