မြောက်ဥက္ကလာပ ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရ သည်။
ထိုသို့ကွင်းဆင်းရာတွင် မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုး၊ အဖွဲ့ဝင်(၁)ဦးရဲဆင့်၊ အဖွဲ့ဝင် (၂) ဒေါ်နုနုလွင်၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက (ဇ)ရပ်ကွက် ခြင်းလုံးကစားကွင်းပြုလုပ်မည့် နေရာ၊ (ဈ) ဈေးလမ်းဆုံအနီးနှင့် ကန်သာယာလမ်းဆုံအကြား ရေစီးရေလာဖော်ဆောင်ပေးရန် အကောင်အထည်ဖော်နေမှု၊ (ည) ရပ်ကွက် သုနန္ဒာ လမ်းမပေါ်ရှိ ရေကန်အနီး ခွင့်ပြုချက်မဲ့ ခြံစည်းရိုးကာရံနေမှုနှင့် ရွှေပေါက်ကံ(၁၂)ရပ်ကွက် ပုဂံလမ်းမကြီးဘေး ကွန်ကရစ် ရေနုတ်မြောင်းကြီး အသစ်ပြုလုပ်၍ ရေစီးရေလာ ဖော်ဆောင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို အကြံပြုပြောကြား ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)