တီးတိန်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) အကောင်အထည်ဖော် ဆောင်ရွက်

တီးတိန်  သြဂုတ်  ၁၉

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် COVID-19 Economic Relief Plan လုပ်ငန်း စီမံချက်ဖြင့် ကျေးလက်နေ၊ လုပ်ကွက်ငယ်တောင်သူများ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန်                                                                                                                                                                                                                                       ရည်ရွယ်၍  ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း Village Revolving Fund Project (VRFP) ကို ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေး နှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

၎င်းစီမံကိန်းကို အမျိုးအစား (၃) မျိုးခွဲပြီး ဆောင်ရွက်ခြင်းဖြစ်ရာ ပထမအမျိုးအစားတွင် ကျပ်သိန်း ၃၀၀၊ ဒုတိယအမျိုးအစားတွင် ကျပ်သိန်း ၂၀၀ နှင့် တတိယအမျိုးအစားတွင် ကျပ်သိန်း ၁၀၀ ဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ငန်းများ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာ၌ ဆိုင်းဇန်ကျေးရွာ၊ ဟေလေးကျေးရွာ၊ တုန်းဇန်ကျေးရွာများတွင် ကျပ်သိန်း ၃၀၀ စီ၊ ငါလ်းဘွာလ်းကျေးရွာတွင် ကျပ်သိန်း ၂၀၀၊ ဒိမ်လိုးကျေးရွာနှင့် မွာလ်ဇန်ကျေးရွာတွင် ကျပ်သိန်း ၁၀၀ စီ၊ စသည့်ဖြင့် ၂၀၂၀ ခု၊ သြဂုတ်လဆန်းမှစ၍ လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ တီးတိန်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)