ပုသိမ်မြို့တွင် ဆေးဆပ်ပြာနှင့် သဘာဝခေါင်းလျှော်ရည် ပြုလုပ်နည်း သင်တန်းဖွင့်
Aug 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူပေါင်းပြီး (CERP) အစီအစဉ်ဖြင့် ကိုဗစ် - ၁၉ ကာလအလွန် စီးပွားရေး ပြန်လည်ကုစားရေး အစီအစဉ်အရ အလုပ်အကိုင်လအခွင့်အလမ်း ဖော်ဆောင် ပေးခြင်းနှင့် အသက်မွေး ဝမ်းကြောင်းဆိုင်ရာ ဆေးဆပ်ပြာနှင့် သဘာဝခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ ပြုလုပ်ရာ တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူး၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးမြင့်အောင်နှင့် ဝန်ထမ်းများ သင်တန်းနည်းပြများ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။