တနိုင်းမြို့နယ်၌ သာသနာ့အကျိုးတော်ဆောင် အဖွဲ့များမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Aug 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ တောင်တန်းသာသနာပြု ရဟန်းသံဃာတော်များနှင့် သီလရှင်အတွက် ကိုသာပိုနှင့် မိဆွေများ(စင်ကာပူ) သာသနာ့အကျိုးတော်ဆောင်အဖွဲ့မှ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းခြင်းကို ဩဂုတ်(၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့မဗဟိုကျောင်းတိုက်၌ ကျင်းပဆောင်ရွက်ခဲ့သည်။