ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ထုံးဘို (အနောက်) ကျေးရွာ၌ ကောက်စိုက်စက်ဖြင့် လယ်ဧက(၈၀) စိုက်ပျိုး

ဝက်လက် သြဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ထုံးဘို (အနောက်)ကျေးရွာ၌ အမှတ် (၆၁) လယ်ယာမြေ ဝန်ဆောင်မှု စခန်းနှင့် ဝင်းလက်မြေလယ်ယာမြေဝန်ဆောင်မှုအသင်းတို့ပူးပေါင်း၍ လယ်ဧက (၈၀)ကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လယ်ဧက (၈၀) ကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် တစ်ဧကလျှင် (၂၅၀၀ဝိ/-) ကျပ်ဖြင့် ကုန်ကျစရိတ် သက်သာ စွာ စိုက်ပျိုးပေးသွားမည်ဖြစ်ရာတွင် စက်စွမ်းအားကို အသုံး ပြုပြီး စပါးအထွက်နှုန်း တိုးတက်စေရန် ရည်ရွယ် ၍ ဝက်လက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငွေဇော်စိုး နှင့် ဝန်ထမ်းများ၊ ဝင်းလက် မြေလယ်ယာဝန်ဆောင်မှု အသင်းတို့ ပူးပေါင်းကာ ကောက်စိုက်စက်ဖြင့် စိုက်ပျိုး ကြောင်းသိရသည်။

တောင်သူများ အနေဖြင့် အစိုပျိုးထောင်စနစ်ဖြင့် ပျိုးထောင်ကာ ကောက်စိုက်စက်ကို အသုံးပြု၍ စိုက်ပျိုး ခြင်းဖြင့် လယ်ယာ မြေ လုပ်ငန်းခွင်အတွင်းလယ်ယာလုပ်သား ရှားပါးသော အခက်အခဲကို ပြေလည်စေမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

စိုးစိုးလှိုင်(ဝက်လက်)