ဖား​ဆောင်းမြို့ သံလွင်မြစ်​ရေ ပြန်လည်ကျဆင်း

ဖား​ဆောင်း  သြဂုတ်  ၂၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် မြေနိမ့်ပိုင်း ကျေးရွာများ ရေနစ်မြုပ်ခဲ့ပြီး ယခုအခါ သံလွင်မြစ်ရေအမှတ်သည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် (၀၀:၃၀)နာရီအချိန်မှ စတင်၍ ကျဆင်းနေပြီ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာစံတော်ချိန် နံနက် (၀၅:၃၀)နာရီ တိုင်းထွာရရှိသည့် မြစ်ရေအမှတ်မှာ (၂၄:၃၀) စင်တီမီတာဖြစ်ပြီး  (၀၀:၃၀)နာရီမှ (၀၅:၃၀)နာရီ အချိန် အတွင်း မြစ်ရေမှာ (၂)ပေကျော်ခန့် ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

ဖားဆောင်းမြို့နယ်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တစ်နာရီလျှင် တစ်ကြိမ်နှုန်းဖြင့် မြစ်ရေတိုင်းတာခြင်းနှင့် အချိန်နှင့်တစ်ပြေး ညီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)