မင်္ဂလာတောင်ညွန့်မြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့်  တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိစေရန် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဩဂုတ်၂၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် သတ်မှတ်ချက်များနှင့် ပြည့်စုံသောပြည်သူများအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် တိကျမှန်ကန်သော မဲဆန္ဒရှင် စာရင်း ရရှိစေရေးတို့အတွက် ပထမအကြိမ် အဖြစ် ကြေညာခဲ့သော မဲဆန္ဒရှင်စာ ရင်းကြေညာရက် ဇူလိုင်လ (၂၅) ရက်နေ့မှ သြဂုတ် လ (၁၄) ရက်နေ့အတွင်း မဲစာရင်းလာရောက် မကြည့်ရှု ဖြစ်သူ ပြည်သူများအား အိမ်တိုင်ရာ ရောက် ကွင်းဆင်း၍ မဲစာရင်းများပြသဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၀) ရှိ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မဲဆန္ဒရှင် ပြည်သူများထံ အိမ်တိုင်ရာရောက် မဲဆန္ဒရှင် စာရင်းများကို လိုက်လံပြသပေးခဲ့ပြီး မိမိအမည် မပါဝင်ပါက ပုံစံ-၃ ဖြင့် လည်းကောင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ-၄ ဖြင့် ကန့်ကွက်ခြင်းဖြင့် လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ ၄-ဂ ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြ သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပထမအကြိမ်ကြေညာခဲ့သော မဲဆန္ဒရှင်စာရင်း၌ ၂၀၂၀ ပြည့်နှစ်၊ အထွေ ထွေ ရွေးကောက်ပွဲ တွင် မဲပေးနိုင်သူဦးရေ (၉၄၁၈၆) ဦးရှိပြီး မဲရုံပေါင်း (၇၇) ရုံ ထားရှိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)