ကျောက်ဆည် ဩဂုဏ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ပင်ကျေးရွာတွင် အာရှဖွံ့ဖြိုးရေးဘဏ်ချေးငွေဖြင့် အခြေခံပညာဦးစီးဌာနမှ လူငယ်များအလုပ်အကိုင်ရရှိရေးအတွက် လေ့ကျင့်မွေးထုတ်ရေးစီမံချက် (EYE Project)ဖြင့် မူလတန်းလွန်ကျောင်းဆောက်လုပ်နေမှုများကို သတ်မှတ်ကာလအတွင်း စနစ်တကျ ဆောက်လုပ်ရေး နေပြည်တော်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူအရာရှိ ဒေါ်ကြူကြူခင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်း၊ ကျောင်းဆောင်သစ်ဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီဝင်များ၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်များ၊ ဝင်းကမ္ဘာတည်ဆောက်ရေးကုမ္မဏီမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မူလတန်းလွန်ကျောင်းဆောင်သစ်အား ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနိုင်ရန် အလျား (၁၂၀) ပေ၊ အနံ (၆၀) ပေ RC တစ်ထပ် စာသင်ဆောင်နှင့် အလျား (၂၀၀) ပေ၊ အနံ (၉၉) ပေ RC တစ်ထပ်အိပ်ဆောင် တစ်ဆောင်တို့ကို ငွေကျပ်သိန်း (၆၀၀၀) ခန့် အကုန်အကျခံကာ ဝင်းကမ္ဘာကုမ္မဏီမှ တာဝန်ယူဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖျောက်ဆိပ်ပင်ကျေးရွာတွင် မူလတန်းကျောင်းဆောင်နှင့် အိပ်ဆောင်များကို ၂၀၂၀ ပြည့်နှစ် မေလ ၁၂ ရက်နေ့တွင်စတင် ဆောက်လုပ်လျက်ရှိရာ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အပြီးဆောက်လုပ်သွားမည်ဖြစ်ပြီး ရပ်ဝေးမှလာရောက် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအားထားရှိပြီး ပညာသင်ကြားရေးကို ကူညီဆောင်ရွက်နိုင်စေရန် စီစဉ်ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းက ပြောကြားခဲ့သည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)