ရန်ကုန် ဩဂုတ် ၂၄
မိုးရာသီကာလ ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး၊ ဓါတ်အားလိုင်း ပြတ်တောက်ခြင်းများ မဖြစ်စေရေး၊ လေပြင်း တိုက်ခတ်ခြင်းကြောင့် သစ်ပင်ပြိုလဲအန္တရာယ်များ မဖြစ်စေရေးတို့အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ အန္တရာယ်ရှိ သစ်ပင်သစ်ကိုင်း ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ မြေယာ၊ ရှုခင်းနှင့် အားကစား ဌာန က လေးဒေါင့်ကန်ရပ်ကွက်၊ လက်ဆည်ကန်၊ ကန်ပေါင်ပေါ်ရှိ ကန်အတွင်းဘက်သို့ ငိုက်ကျနေသော သစ်ပင်ကိုင်းများကို ခုတ်ထွင် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)