ရှင်ဗွေယန် ဩဂုတ် ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက်(၁၀) နာရီတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် တနိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးအရာရှိ ဦးဘုန်းကျော် ဦးဆောင်သည့် ဝန်ထမ်းများကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်း၍ ရှင်ဗွေယန်မြို့ ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုတို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားတိုင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကိုင်ဆောင်ပြီး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် သစ္စာစီမံချက်ဖြင့် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လင်းသွယ်ဦး(မြို့ ပြန်/ဆက်)