တီးတိန် သြဂုတ် ၂၄
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကေက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များသည် မဲစာရင်း ပြည့်စုံမှန်ကန် စေရေးအတွက် ယမန်နေ့မနက်တွင် ကွင်းဆင်း ဆောင်ရွက် သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့မရပ်ကွက်၌ မဲစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းနှင့် ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်လွယ်ကူမြန်ဆန်စေရေးအတွက် အိမ်ထောင်စု အလိုက်ကုတ်နံပါတ်များ လိုက်လံကပ်ထားပေးခြင်းများ တစ်အိမ်တက် တစ်အိမ်ဆင်း ဆောင်ရွက်ခဲ့သည်။
တီးတိန်မြို့နယ်တွင် ယနေ့အထိပုံစံ(၃)ဖြင့် တောင်းဆိုသူ(၁၀၇၈)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၃၀၅၇)ဦး၊ ပုံစံ(၄-ဂ)ဖြင့် အချက်အလက် ပြင်ဆင်သူ(၂၅၆၄)ဦး ရှိကြောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)