ကလေးဝ ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း ၄ ကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား စက်ဘီး ၁၇၀ စီး ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက မစိန်ကျေးရွာ အထက်တန်း ကျောင်း၌ ပြုလုပ်ခဲ့သည်။
စက်ဘီး ၁၇၀ ပေးအပ်ပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်း အမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးစိုးလွင်း တို့မှ အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင် Less Walk Organization နှင့် ဇမ္ဗူရာဇ် ကျောက်မျက်ရတနာကုမ္ပဏီတို့ကိုယ်စား ဦးသန်းဌေးက ကျောင်းသား/ ကျောင်းသူ များအား စက်ဘီး ၁၇၀ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ချို၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ သက်ဆိုင်ရာအ ထက်တန်းကျောင်းအုပ် ဆရာကြီး များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး နေ့စဉ် ခြေ လျင်ခရီး သွားရောက်၍ ပညာသင်ကြား နေသော ကျောင်းသား/ကျောင်းသူများအတွက် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မစိန် အထက အတွက် ၄၃ စီး၊ ဂဇက် အထက အတွက် ၄၅ စီး၊ တောင်အောက် အထက အတွက် ၄၂ စီး၊ ဆည်ကြီး အထက(ခွဲ)အတွက် ၄၁ စီး စုစုပေါင်း၁၇၀ စီး အား အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရ သည်။
သက်ဟန်(ကလေးဝ)