ကျောက်ဆည်မြို့၌ အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်း ဆင်းပွဲကျင်းပ

ကျောက်ဆည်၊ မေ ၂၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တို့ ပူးပေါင်း၍ ရက် ၁၀၀ စီမံချက်ဖြင့် ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

 အခမ်းအနားတွင် ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင် က ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်သွားကြ ရန် အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သန်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အိမ်တွင်းလျှပ်စစ် သွယ်တန်း ခြင်း သင်တန်း၊ လေအေးပေးစက်တပ်ဆင်ပြုပြင်ထိန်းသိမ်းခြင်း သင်တန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းတို့တွင် ထူးချွန်သူများအား ဆုများချီးမြှင့်ခဲ့ပြီး တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းနှင့် အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းများတွင် တက်ရောက်ခဲ့သော သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)