ကျွန်းစုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့  အခမ်းအနား ကျင်းပ

ကျွန်းစု မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂-၂၀၂ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၆ ရက် နံနက် ၁၀ နာရီက ကျွန်းစုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ဦးစွာ အ-ထ-က ကျွန်းစုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း က အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်နုနုလွင်က မြို့နယ်အဆင့် ကျောင်းအပ်နှံမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ၂၀၂-၂၀၂ ပညာသင်နှစ်တွင် ပညာသင်ယူလျှက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ပေးအပ်သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာများအား အသိပညာပေးပြောကြားခဲ့ပြီး အ-ထ-က ကျွန်းစုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)