သတင်းများ

မိုင်းယန်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
Jan 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖယ်ခုံမြို့နယ်၌ ပုံမှန်၀င်ငွေမရှိသောအခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Jan 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ်(ထပ်တိုး) ထောက်ပံ့ငွေ ပေးအပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဈေးရှေ့ ရပ်ကွက်တွင် လက်၀ယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပုဗ္ဗသီရိမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး
Jan 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ်ထိုးနှံပေးခြင်းကို ပုဗ္ဗသီရိမြိုနယ် ခုတင်-၅၀ ဆေးရုံ၌ ယနေ့နံနက် ၉ နာရီမှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမအကြိမ်)စတင်ထိုးနှံ
Jan 27,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီး ဌာန လက်အောက်ရှိ ၀န်ထမ်းများအား ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက် ၁၀:၄၅ နာရီက  မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံတွင် စတင် ထိုးနှံပေးလျက်ရှိသည်။
တနိုင်းမြို့နယ်၌ ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးအဖွဲ့ စတင်ရွေးချယ်
Jan 27,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် ရပ်ကွက် (သို့)အုပ်ချုပ်ရေး မှူးများ ရွေးချယ်နိုင်ရန် ကြီးကြပ်ရေးမှူးအဖွဲ့ ရွေးချယ်ခြင်း ဆောင်ရွက်သည်။
တပ်ကုန်းမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ
Jan 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉နာရီက တပ်ကုန်း ကုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ကြောင်း သိရသည်။