သတင်းများ

ဒေးဒရဲမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ(CRC) လုပ်ငန်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
သိန္နီမြို့နယ် ပန်ခမ်းကျေးရွာ၌ ကျေးရွာတွင်း ကိုယ့်အားကိုယ်ကိုးလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jan 27,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် မိုင်းလီကျေးရွာအုပ်စု၊ ပန်ခမ်းကျေးရွာ၌ ယနေ့နံနက်ပိုင်းအချိန်က ကျေးရွာတွင်း ကိုယ့်အားကိုယ်ကိုးကတ္တရာလမ်းသစ်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-‌၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး
Jan 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်း(၁၇၈)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက ပြည်သူ့ဆေးရုံကြီးတွင် ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင်ထံမှ သိရသည်။
ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ကုသရေး ခရိုင်အဆင့် ကော်မတီက လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ နဝမအကြိမ် စားသောက်ကုန်နှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများလှူဒါန်းထောက်ပံ့
Jan 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီက လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ယနေ့ နံနက်(၈)နာရီခွဲအချိန်ကစတင်၍ ကျောင်းတိုက်များသို့အရောက် နဝမအကြိမ် စားသောက်ကုန်နှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Jan 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင်းရှိ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်ထံမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အသစ်ပြန်လည်ရွေးချယ်ရန် ရပ်မိ/ရပ်ဖ(၅)ဦးပါဝင်သောကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေး
Jan 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အသစ်ပြန်လည်ရွေးချယ်ရန် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေပုဒ်မ(၆)အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများကို မြို့နယ်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဇန်နဝါရီ (၂၃)ရက်နေ့မှ ဇန်နဝါရီ (၃၁)ရက်နေ့အထိ မင်္ဂလာဒုံမြို့နယ် အတွင်းရှိ ရပ်ကွက်(၂၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စုကြီး (၅)စု၊ ကျေးရွာပေါင်း(၂၀)တို့တွင် ရပ်မိ/ရပ်ဖ(၅)ဦး ပါဝင်သော ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းပေးသွားမည်ဟု သိရသည်။
နယ်စပ်မှ အဝင်နည်းသဖြင့် ကြက်သွန်ဖြူ ဈေးတက်
Jan 27,2021
ယခင်က တရုတ်ကြက်သွန်ဖြူ တစ်ပိသာလျှင် ၁၂၀၀ကျပ်ရှိရာမှ ယခုအခါ တစ်ပိသာလျှင် ၂၁၅၀ထိ ၃လအတွင်း ဈေးများမြင့်တက်လာကြောင်း၊ ရှမ်းကြက်သွန်ဖြူပေါ်ခါစတွင် တစ်ပိသာလျှင် ၁၂၀၀ကျပ် ဝန်းကျင်ရှိရာမှ ယခုအခါ တစ်ပိသာလျှင် ၂၀၀၀ကျပ်ဝန်းကျင်ထိ ဈေးမြင့်တက်လာကြောင်း၊ ဗမာကြက်သွန်ဖြူတစ်ပိသာလျှင် ၃၀၀၀ကျပ်ဝန်းကျင်ရှိကြောင်း ၊ ဗမာကြက်သွန်ဖြူ၊ ရှမ်းကြက်သွန်ဖြူနှင့် တရုတ်ကြက်သွန်ဖြူများ ဈေးတက်နေကြောင်း ကြက်သွန်ဖြူရောင်းသည့် ပွဲရုံများထံမှ သိရသည်။