မိုးညို ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီး ဌာန လက်အောက်ရှိ ၀န်ထမ်းများအား ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက် ၁၀:၄၅ နာရီက မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံတွင် စတင် ထိုးနှံပေးလျက်ရှိသည်။
မိုးညိုမြို့နယ်တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၇)အုပ်စုတို့တွင် တာ၀န် ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး၀န်ထမ်း ၁၈၇ ဦး၊အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၀န်ထမ်း ၂ ဦး၊ စုစု ပေါင်း ၁၈၉ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသွားမည်ဖြစ်ရာ ယနေ့တွင် မြို့နယ်ဆရာ၀န် ကြီးဒေါက်တာကျော်မိုး၏ကြီးကြပ်မှုဖြင့် ကျန်းမာရေး၀န်ထမ်း ၉၉ ဦးအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ဇန်နဝါရီ ၂၈ ရက်တွင်ကျန်ရှိသော မြို့နယ် ကုသရေး ၀န်ထမ်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ၀န်ထမ်းများ အားဆက်လက် ထိုးနှံသွားမည် ဖြစ်ကြောင်းသိရသည်။
ကိုမင်း(မိုးညို)