တနိုင်း ဇန်နဝါရီ ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် ရပ်ကွက် (သို့)အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန် ကြီးကြပ်ရေးမှူးအဖွဲ့ ရွေးချယ်ခြင်း ဆောင်ရွက်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က အခမ်းအနား တက်ရောက်လာသည့် အိမ်ထောင်စု ကိုယ်စားလှယ်များအား ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေပါ သိမှတ်ဖွယ်ရာများအား အသိပညာပေးခြင်းနှင့် ဆယ်အိမ်စု၊ ရာအိမ်စု၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ဆောင်ရွက်ရာတွင် အဓိကလိုက်နာရမည့် အချက်များအား ဖြည့်စွက်ရှင်းလင်းပေးခြင်း၊ Your Right Your Choice သင့်အခွင့်အရေး သင်ရွေးချယ်ပေးနိုင်ဖို့ ဆောင်ပုဒ်နဲ့အညီ ကိုယ့်ကံ ကြမ္မာကိုယ်ဖန်တီးရမှာဖြစ်သည့်အတွက် မိမိဒေသ၊ မိမိရပ်ကွက် ၊ မိမိလူမျိုးအတွက် အကျိုးပြုနိုင်မည့် အုပ်ချုပ်ရေးမှူးကောင်းများ ပေါ်ထွက်လာစေရန် ယခုရွေးချယ်မည့် ကြီးကြပ်ရေးအဖွဲ့(၅)ဦးမှ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ရွေးချယ်ခြင်းနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းလုပ်ငန်းစဉ် တစ်ခုလုံးအား ဦးဆောင်၍ ဆောင်ရွက်ရမည်ဖြစ်ရာ ရပ်ကွက်နေပြည်သူများအနေဖြင့် မိမိတို့အားကိုးယုံကြည်ရသော သူကို ရွေးချယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြည်သူအားလုံး ထိုးနှံရေးအတွက် ရပ်ကွက်အတွင်း ကွင်းဆင်း၍ လူဦးရေစာရင်းများ ကောက်ခံလျက်ရှိရာ စာရင်းပေးသွင်းခြင်း လုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင်ပေးကြပါရန် ပြောကြားသည်။
ထို့နောက် ပုန်ခုန်းရပ်ကွက်၏ မြို့နယ်ကြီးကြပ်ရေးအဖွဲ့များရွေးချယ်ရေးအဖွဲ့ ခေါင်းဆောင် မြို့နယ်လဝကဦးစီးမှူး ဦးဘုန်းကျော်နှင့်အဖွဲ့က ပုန်ခုန်းရပ်ကွက်အတွက် ကြီးကြပ်ရေးအဖွဲ့ (၅)ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာ ရွေးချယ်ခဲ့ကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)