ပုဗ္ဗသီရိမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

ပုဗ္ဗသီရိ ဇန်နဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ်ထိုးနှံပေးခြင်းကို ပုဗ္ဗသီရိမြိုနယ် ခုတင်-၅၀ ဆေးရုံ၌ ယနေ့နံနက် နာရီမှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေး က "ကိုဗစ်-၁၉ ကာကွယ်ဆေး ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ စနစ်တကျထိုးနှံပေးသွား မည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီစနစ်တကျနေထိုင်သွားကြရန် လိုအပ်ကြောင်း" ပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၁၃၅ ဦးအား အဖွဲ့သုံးဖွဲ့ခွဲ၍ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်ကြိမ်နှင့်တစ်ကြိမ် ရက်သတ္တ()ပတ်ခြား၍ နှစ်ကြိမ်ထိုးနှံ ပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် လိုက်နာ နေထိုင်သွားကြရန် လိုအပ်ကြောင်း သိရသည်။

ကံချွန်(ပြန်/ဆက်)