သတင်းများ

မိုးနဲမြို့၌ မျိုးစေ့ ၊မြေဩဇာနှင့် ပိုးသတ်ဆေး အရောင်းဆိုင်များအား တာဝန်ရှိသူများစစ်ဆေး
Jan 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့‌ပေါ်ရှိ မျိုး‌စေ့ ၊မြေဩဇာ ၊ ပိုးသတ်ဆေး အ‌ရောင်းဆိုင်များအား မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်မှ စ၍ ဇမ္ဗူသီရိမြို့နယ် ခုတင် (၅၀) ဆံ့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေဖြင့် ကျေးလက်လမ်းအဆင့်မြှင့် တင်ရေး လုပ်ငန်း ၂၉ ခုနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်း ၂၆ ခုတို့အား ဆောင်ရွက်
Jan 27,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၁၁၈၆ သန်းကျော်ဖြင့် ကျေးလက် လမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်း ၂၉ ခုနှင့် ကျေးလက်ရေရရှိရေး လုပ်ငန်း ၂၆ ခုတို့အား ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်း ဆောင်ရွက်
Jan 27,2021
ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ ဆေးရုံ၌  ယနေ့နံနက် (၉) နာရီ က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး CovidShield ကို ပထမအကြိမ် စတင် ထိုးနှံ
Jan 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covidshield ကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများကို ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမတွင် ပထမအကြိမ်စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
နတ်တလင်းမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)စတင်ထိုးနှံ
Jan 27,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၁၁နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။