ထားဝယ်ခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံ

 

ထားဝယ် ဇန်နဝါရီ ၂၇

            တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေး၀န်ထမ်းများအား ယနေ့နံနက် ၉ နာရီ က ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ပထမအသုတ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်

            ယနေ့တွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၅၅)ဦး၊ တိုင်းဒေသကြီးကုသရေးဦးစီး ဌာနမှ ဝန်ထမ်း(၁၅)ဦး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဝန်ထမ်း(၂၁)ဦး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်း(၂၁)ဦး တိုင်းရင်းဆေးဝန်ထမ်း(၂၇)ဦး ထားဝယ်သူနာပြု သင်တန်းကျောင်းမှ(၁၇)ဦး ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၂၃)ဦး ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၁၂၃)ဦး ပြည်သူ့ဆေးရုံမှ (၄၁၃)ဦးကို ပထမအကြိမ်ထိုးနှံပေးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဥက္ကာထံမှ သိရသည်

ကျန်းမာရေးဝန်ထမ်းများကို ဇန်နဝါရီလ(၂၇)ရက်နှင့်(၂၈)ရက်၊ (၂)ရက်တာအတွင်း ပြီးစီးအောင်ထိုးနှံ ပေးသွားမည်ဖြစ်ပြီး၊ နောက်ထပ်ရက်သတ္တပတ်(၄)ပတ်(၂၈)ရက်တွင် (ဒုတိယ)အကြိမ်ဆက်လက်ထိုးနှံ ပေးသွား မည် ဖြစ်ကြောင်းသိရှိရသည်။   

ထိုနောက် ၁၈ နှစ် အောက်ကလေးများကိုယ်ဝန်ဆောင် မိခင်များနို့တိုက်နေသော မိခင်များ တခြားသော ကာကွယ်ဆေးများနှင့်ဓာတ်မတည့်သူများ ကိုဗစ်-၁၉ရောဂါလက်ရှိ ခံစား နေရ သူများ ကိုဗစ်-၁၉ရောဂါဖြစ်ပြီး သွေးရည်ကြည်ကုထုံးဖြင့် ကုသထားသူများ ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးကုသထားသူများ နှင့် ကိုယ်ခံအားကျနေသူများ မထိုးနှံကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဥက္ကာ ထံမှ သတင်းရရှိသည်

(ထားဝယ်ခရိုင်ပြန်/ဆက်)