ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး CovidShield ကို ပထမအကြိမ် စတင် ထိုးနှံ

ပေါက်ခေါင်း    ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covidshield ကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများကို ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမတွင် ပထမအကြိမ်စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ဆေးရုံများ၊ ကျေးလက်ကျန်းမာရေး ဌာနများမှ  ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း(၁၈၇)ဦးကို ယနေ့နံနက်မှစတင်၍ ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)