နတ်တလင်းမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)စတင်ထိုးနှံ

နတ်တလင်း  ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၁၁နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

နတ်တလင်းမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၄)အုပ်စုအတွင်းရှိ ကျန်းမာရေး ဝန်ထမ်း (၂၂၄) ဦးတို့အား အုပ်စု(၄)ခွဲ၍ နေ့လယ် ၁၁နာရီတွင်တစ်အုပ်စု၊ နေ့လယ် ၁ နာရီတွင် တစ်အုပ်စု၊ ညနေ ၃နာရီတွင်တစ်အုပ်စုနှင့် ညနေ ၄ နာရီတွင်တစ်အုပ်စုနှုန်းဖြင့် အပြီး ထိုးနှံ ပေးသွားမည်ဖြစ်သည်။

နတ်တလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်း(၃)ဦးနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးတို့ကိုလည်းတပြိုင်တည်းထိုးနှံပေးခဲ့သည်။

ပထမအကြိမ်ကာကွယ်ဆေးထိုးနှံရာတွင် နတ်တလင်းမြို့နယ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်း(၂၂၉)ဦးတို့အတွက်သာ ပေးပို့ထားခြင်း ဖြစ်ကြောင်းသိရသည်။

ဝင်းမြင့် (နတ်တလင်း)