မိုးနဲမြို့၌ မျိုးစေ့ ၊မြေဩဇာနှင့် ပိုးသတ်ဆေး အရောင်းဆိုင်များအား တာဝန်ရှိသူများစစ်ဆေး

မိုးနဲ   ဇန်နဝါရီ   ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့‌ပေါ်ရှိ မျိုး‌စေ့ ၊မြေဩဇာ ၊ ပိုးသတ်ဆေး အ‌ရောင်းဆိုင်များအား မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ယင်းသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့်တာဝန်ရှိသူများက  မြို့ပေါ်တွင် မျိုးစေ့ ၊ မြေဩဇာနှင့် ပိုးသတ်ဆေးရောင်းချလျက်ရှိသော အရောင်းဆိုင် (၆)ဆိုင်ကို စစ်ဆေးခဲ့ပြီး နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရန်၊ မှတ်ပုံတင်ထားရှိပြီးသော မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေးများသာ ဖြန့်ဖြူးရောင်းချရန်နှင့် သက်တမ်း ကုန်ဆုံးတော့မည့် အရောင်းဆိုင်များအား သက်တမ်းတိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)