မိတ္ထီလာ၊ ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၁၁၈၆ သန်းကျော်ဖြင့် ကျေးလက် လမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်း ၂၉ ခုနှင့် ကျေးလက်ရေရရှိရေး လုပ်ငန်း ၂၆ ခုတို့အား ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် (၁၁၈၆.၃၃) သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း ၊ တံတား ၊ ရေကျော်များ တည်ဆောက်ခြင်းလုပ်ငန်း ၊ ရေပြွန်နှင့် Slab Culvert တပ်ဆင်ခြင်းလုပ်ငန်း၊ စက်ရေတွင်း ၊ လက်တူးတွင်း၊ အုတ်ရေကန်၊ ရေစင်၊ ရေစက်ရုံတို့ တူးဖော်တည်ဆောက်ခြင်း၊ ရေပိုက်သွယ်တန်းခြင်းနှင့် မီးလိုင်းသွယ်တန်းခြင်းလုပ်ငန်းတို့အား တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများက ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိ သည်။ ထိုသို့ဆောင်ရွက်ရာတွင် မိတ္ထီလာခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှု အောက်ရှိ မိတ္ထီလာမြို့နယ်တွင် ကျေးလက်လမ်းအဆင့်မြှင့်တင်ခြင်းကို သီရိမြင့်မိုရ်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက် မည်ဖြစ်ပြီး Four G Co;ltdမှ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ် သည်။ ဝမ်းတွင်းမြို့နယ်တွင် Unique Design Co;ltd နှင့် Shwe Gone Tun Co;ltd တို့မှ ကျေးလက်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး Royal Steel Palace Co;ltd မှ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။ ၎င်းအပြင် သာစည်မြို့နယ်တွင် Modern Treasure Co;ltd နှင့် ZARNI CHIT Co;ltd တို့မှ ကျေးလက်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး Triple Thar Co;ltd မှ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွား မည်ဖြစ်သည်။ ယင်းအပြင် မလှိုင်မြို့နယ်တွင် Hi-Tech Land Co;ltdမှ ကျေးလက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်သွား မည်ဖြစ်ပြီး Well Done Engineering Co;ltd မှ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)