ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်း ဆောင်ရွက်

ကျောက်တန်း  ဇန်နဝါရီ  ၂၇

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ ဆေးရုံ၌  ယနေ့နံနက် (၉) နာရီ က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ   ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းဦးရေ  (၂၃၃) ဦးအနက် ယနေ့ ပထမနေ့တွင် ဝန်ထမ်း(၁၀၀) ဦးအား ထိုးနှံပေးခဲ့ပြီး ကျန်ရှိ ကျန်းမာရေး ဝန်ထမ်းများအား နောင်ရက်တွင် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ဆေးရုံမှ  သိရသည်။

ခင်ဆွေဝင်း (ကျောက်တန်း)