မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၇
မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ရပ်ကွပ်/ကျေးရွာများ အတွင်းရှိ အသက် (၁၀၀) နှစ်နှင့် အထက်နှင့် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း လုပ်ငန်းကို ယနေ့မနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိကျေးရွာများသို့ ကွင်းဆင်း၍ အိမ်တိုင်ရာ ရောက် လိုက်လံထောက်ပံ့ပေးအပ်သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရတနာ မော်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ သစ်တိုဆိပ်ကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာ၊ ရေလိန် ကျေးရွာ၊ ဗြန့်ကြီးမြစ်ကျိုးကျေးရွာ၊ မဲဇလီပုသိမ်စုကျေးရွာ၊ ဖိုးခမှီဒေါင့်ကျေးရွာ၊ ပျားမွတ်လျှော်ချောင်း ကျေးရွာ၊ ဝဲဒေါင့်ကျေးရွာနှင့် ဗြန့်ကြီးအုန်းပင်စုကျေးရွာ များမှ အသက် (၁၀၀) နှစ် နှင့် အထက်ဘိုးဘွား (၁၀)ဦး အား တစ်ဦးလျှင် ၆၀၀၀၀ ကျပ်နှုန်းနှင့် အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွား (၁၀၃၉) ဦးအားတစ် ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းတို့ဖြင့် ပထမ(၃)လပါတ်ထောက်ပံ့ငွေအဖြစ် မြို့နယ် အတွင်းရှိ ဘိုးဘွား (၁၀၄၉) ဦးအားထောက် ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်အောင်(ပြန်/ဆက်)