ကြည့်မြင်တိုင် ဇန်နဝါရီ ၂၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းသည် ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်း (၆၄)ဦးအား စတင်ထိုးနှံပေးပြီး နောက်ထပ် ရက်သတ္တပတ်(၄)ပတ် (၂၈)ရက်တွင် (ဒုတိယ)အကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရ သည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဘေးကင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ဆေး ဆိုင်ရာအကြောင်းအရာများ၊ ကာကွယ်ဆေး သိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖြန့်ဝေခြင်းနှင့် စွန့်ပစ် ပစ္စည်းများ စီမံခန့်ခွဲခြင်း၊ ကာကွယ်ဆေးမထိုး သင့်သူများနှင့် ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲ ပြဿနာများကို စောင့်ကြပ်စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုကို ဆက်သွယ်ပြောဆိုခြင်း စသည့်အချက်များကို ကျန်းမာရေးဦးစီးဌာနက အွန်လိုင်းမှ တစ်ဆင့် သင်တန်း ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)