ကသာမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ

ကသာ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့ နံနက်(၈)နာရီခွဲအချိန်ခန့်မှစတင်၍ ကသာခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကသာမြို့နယ်အတွင်းရှိ ကုသရေးဦးစီးဌာနမှ ဝန်ထမ်း(၁၅၆)ဦး၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၉၄)ဦး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်း(၆)ဦး၊ အားကစားနှင့်ကာယာပညာဦးစီးဌာနမှ ဝန်ထမ်း(၈)ဦးနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ဝန်ထမ်း(၅)ဦး၊ စုစုပေါင်း ကျန်းမာရေးဝန်ထမ်း(၂၆၉)ဦးတို့အား ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီး၍ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာပါက အချိန်မီ ကုသစစ်ဆေးခြင်း ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာပြင်ဆင်မှုများလည်း ဆောင်ရွက်ထားရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရဲအောင်(ကသာ)