ခန္တီးမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံပေး

ခန္တီး ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများအား  ယနေ့နံနက်က ပထမဆုံး အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ခန္တီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၁၄၄) ဦးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးဝန်ထမ်း (၄)ဦး စတင်ထိုးနှံပေးခဲ့ကြောင်း ခရိုင်ဆေးရုံအုပ် ဒေါက်တာနန်းမြတ်မြတ်မွှေး ထံမှ သိရသည်။

စနေမောင်မောင်(ခန္တီး)