လှိုင်းဘွဲ ဇန်နဝါရီလ ၂၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ပထမ(၃)လပတ် (MCCT) အကျိုး ခံစားခွင့်ရှိသူများထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က ထီလုံကျေးရွာနှင့်သပုထိုကျေးရွာတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ဗအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန မြို့နယ်အုပ်ချုပ်ရေး ဦးမင်းသိန်းနှင့်တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် အကျိုးခံစားခွင့်ရှိသော ထီလုံကျေးရွာတွင် အကျိုးခံစားခွင့်ရှိသူ ကလေး(၂၆၃)ဦး၊ မိခင်(၆၆)ဦး၊ သပုထိုကျေးရွာတွင် ကလေး(၄၅)ဦး၊မိခင်(၁၅)ဦး တို့ကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပထမ(၃)လပတ်အတွက် MCCT အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင် မိခင်(၁၄၇၉)ဦး၊ ကလေး(၆၃၈၈)ဦး၊ ပိုင်ကျုံမြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၉၂၀)ဦး၊ ကလေး(၃၃၁၄)ဦးနှင့် ရှမ်းရွာသစ်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၂၅၆)ဦး၊ ကလေး(၁၀၅၉)ဦးအတွက် စုစုပေါင်း ကိုယ်ဝန်ဆောင် မိခင်(၂၆၅၅)ဦးနှင့်ကလေး(၁၀၇၆၁)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၇၆၅၇၀၀၀၀)တို့ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)