မအူပင် ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုကြောင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား နိုင်ငံတော်မှ (၄)ကြိမ်မြောက် ထောက်ပံ့မှု ဆောင်ရွက်ခဲ့ပြီး မရရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ကျပ်နှစ်သောင်းနှုန်း ထောက်ပံ့နိုင်ရန်အတွက် မအူပင်မြို့နယ် ကိုဗစ်-၁၉ ဘဏ္ဍာရေး ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်မိ/ရပ်ဖများတွေ့ဆုံကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ယခုကာလတွင် မအူပင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့် စပ်ဆက် ထိတွေ့သူများရှိလာသဖြင့် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မလိုအပ်ဘဲ မထွက်ရန်နှင့် နေအိမ်ပြင်ပထွက်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား လိုက်နာနေထိုင်သွားလာကြရန် လိုအပ်ကြောင်း ခရိုင်ကျန်းမာရေးဌာနမှ လှုံ့ဆော်ထားကြောင်း သိရသည်။
အောင်ခိုင် ၊ မအူပင်