မန္တလေး ဇန်နဝါရီ ၂၈
ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအားဒုတိယ အကြိမ်မြောက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ ညနေ၄ နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်း သာရပ်ကွက်၊ အကွက်(၅၅)၊ ၈၁လမ်း၊၁၃လမ်းနှင့် ၁၄လမ်းကြားရှိ အလှူရှင်မိသားစု၏ နေအိမ်ရှေ့၌ ပြုလုပ်သည်။
အလှူရှင်မိသားစုဖြစ်သော ဦးဌေးလွင်နှင့် ဒေါ်လဲ့ရည်ဝင်း(သား)မော်သူရမင်းလွင်၊ မောင်သီဟမင်းလွင် "စိမ်းနုဝါပုံနှိပ်တိုက်" မိသားစုတို့က ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စု(၃၀၀)စု တို့အားအိမ်ထောင်စုတစ်စုလျှင်ဆန်(၃)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၄၀)ကျပ်သား၊ အောင်ဘာလေထီ လက်မှတ်တစ်စောင်တို့ကို ဒုတိယအကြိမ်မြောက်အဖြစ် ပေးအပ်လှူဒါန်းပြီးဆီ (၅)ပိဿာပါဆီပုံး(၄)ပုံး၊ပေါ်ဆန်းမွေးဆန်(၅)ပြည်ပါဆန်အိတ်(၄)အိတ်တို့ကိုလည်း ကံစမ်းမဲဖောက်ပေးကြသည်။
အဆိုပါ လှူဒါန်းရာသို့ ပြည်လုံးချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်နှင့်ရာအိမ်မှူးများကကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)