မင်းတုန်း ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့၌ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ(၃)နာရီက မြို့နယ် ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးစတင်ထိုးနှံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန လက်အောက်ရှိ မင်းတုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်း(၁၇၇)ဦး ထိုးပေးရန်ရည်မှန်းထားပြီး ယမန်နေ့က(၇၀)ဦးနှင့် ယနေ့တွင်(၈၉)ဦး စုစုပေါင်း (၁၅၉)ဦး စတင်ထိုးနှံပေးခဲ့ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများကို ရက်သတ္တပတ် (၄) ပတ်ခြား၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ် ကြောင်းနှင့် ကျန်ရှိနေသည့် ဝန်ထမ်းများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းလင်းအောင်ထံမှ သိရသည်။
ချင်းကလေး(NRDC)