ဗန်းမောက် ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၁၀)နာရီမှ ညနေ(၅)နာရီအချိန်အထိ မိခင်နှင့်ကလေးအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗန်းမောက်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများ၌ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ပြည်သူ့ကျန်းမာရေးဝန်ထမ်း(၉၂)ဦး၊ ကုသရေး ဝန်ထမ်း(၆၂)ဦး စုစုပေါင်း (၁၅၄)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပြီးပါက နောက်တစ်ကြိမ်ထပ်မံထိုးနှံရမည်ဖြစ်ပြီး ဆေးထိုးပြီးပြီးချင်း ကာကွယ်နိုင်မှု အာနိသင်မရရှိသေးသည့်အတွက် (၂)ပတ် အထူးဂရုပြု နေထိုင်သင့်ကြောင်း၊ ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာပါက အချိန်မီစစ်ဆေးကုသခြင်းများကိုပါ ဆောင်ရွက်ပေးနိုင်ရန် အသိပညာပေး ပြောကြား ထားရှိပြီး ကျန်းမာရေးဆိုင်ရာပြင်ဆင်မှုများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားရှိ သည့် ကျန်းမာရေး ဆိုင်ရာစည်းမျဉ်းများ၊ မျက်နှာဖုံးတပ်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွာခွာနေရန်တို့ကို ပုံမှန်အတိုင်းဆက်လက်လိုက်နာ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းထံမှ သိရသည်။
မေသူ(ဗန်းမောက်)