သရက် ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းများကို ယနေ့နံနက်(၈)နာရီက ခရိုင်ပြည်သူ့ဆေးရုံတွင် စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ သရက်မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်း ( ၂၅၂ )ဦး၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဝန်ထမ်း(၉)ဦး၊တိုင်းရင်းဆေးဦးစီးဌာနဝန်ထမ်း(၂)ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်း(၅)ဦး တို့အား စတင်ထိုးနှံပေးခဲ့ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများကို ရက်သတ္တပတ်(၄)ပတ်ခြား၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် လိုက်နာနေထိုင် သွားကြရန် လိုအပ်ကြောင်း သရက်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာညွှန့်ရွှေအောင်ထံမှ သိရသည်
ဇော်ဝမ်းထွန်း(အောင်လံ)