ဘောဂလိမြို့ အမှတ်(၄)ရပ်ကွက် ဘောလုံးကွင်းလမ်း အုတ်စီရေမြောင်းနှင့် မြောင်းဖုံးပြုလုပ်ခြင်း (၅၀)ရာခိုင်နှုန်းပြီးစီး

 ဘောဂလိ    ဇန်နဝါရီ      ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်  ၊ ဘောဂလိမြို့တွင်   မြို့စည်ပင်သာယာ‌ရေးအဖွဲ့မှ   ဒေသဖွံ့ဖြိုးရေးနှင့်  မြို့သန့်ရှင်းသာယာလှပရေး  လုပ်ငန်းများ  အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ  ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်  ဒုတိယသုံးလပတ်ခွင့်ပြုရန်ပုံငွေဖြင့်  ဘောဂလိမြို့  အမှတ်(၄)ရပ်ကွက်  ဘောလုံးကွင်းလမ်း   အုတ်စီရေမြောင်းနှင့် မြောင်းဖုံး ပြုလုပ်ခြင်း  ကို  ဇန်နဝါရီ  ဒုတိယပတ်တွင်  အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိရာ  ယခုအချိန်တွင်   (၅၀)ရာခိုင်နှုန်း  ပြီးစီးပြီဖြစ်သည်။

အဆိုပါ အုတ်စီရေမြောင်းနှင့်မြောင်းဖုံးပြုလုပ်ခြင်းကို သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးများပြည့်မှီ ရေးအတွက်  မြို့စည်ပင်သာယာရေးမှ  တာဝန်ရှိသူများ၏  အနီးကပ်ကြီးကြပ် ဆောင်ရွက်မှုဖြင့်   အရှည်(၄၅၀)ပေ၊    အကျယ်၁ပေခွဲ ၊  အမြင့်  ၁ပေခွဲ  ခွင့်ပြုရန်ပုံငွေ  (၉.၇)  သန်းဖြင့်  အကောင်အထည်ဖော်  ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။ ထိုသို့  ရေမြောင်းများ  ဆောင်ရွက်ပေးခြင်းဖြင့်  လာမည့်မိုးရာသီတွင်   ရေစီးရေလာကောင်းမွန်၍  မြို့တွင်း  လမ်းများလည်း   ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း    သိရှိရသည်။

 ဘောဂလိ  (ပြန်/ဆက်)