အိမ်မဲ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ကြိုတင်အသိပေးခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး အသိပညာပေး ရှင်းလင်းခြင်းကို မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများက ကျေးရွာများအရောက် ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၁၀၂)အုပ်စု၊ ကျေးရွာခွဲပေါင်း(၅၀၅)ရွာရှိပြီး အဆိုပါ ကျေးရွာများမှ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ကြိုတင် အသိပေးခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး အသိပညာပေး ရှင်းလင်းခြင်းကို မြို့နယ်ဌာနဆိုင်ရာ အကြီးများဖြင့် ဖွဲ့စည်းထားသည့် ကြီးကြပ်ရေးအဖွဲ့(၁၇)ဖွဲ့မှ ဇန်နဝါရီလ ၂၆၊ ၂၇ ရက်များတွင် ကျေးရွာအရောက် အသိပညာပေး ရှင်းလင်းခဲ့ကြောင်း သိရသည်။
မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများဖြင့် ဖွဲ့စည်းထားသည့် ကြီးကြပ်ရေးအဖွဲ့(၁၇)ဖွဲ့မှ ဇန်နဝါရီလ ၂၈ ရက်နေ့ကစတင်ပြီး သက်ဆိုင်ရာ ကျေးရွာများသို့ ကွင်းဆင်း၍ ကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)