မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ

မှော်ဘီ ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့ နံနက် (၈)နာရီခွဲ ကမှော်ဘီမြို့နယ် ပြည်သူ့ ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို မှော်ဘီမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာ (၄၃)အုပ်စုရှိ မြို့နယ်ဆေးရုံ(၁)ရုံ၊ တိုက်နယ်ဆေးရုံ(၂)ရုံနှင့် ကျေးလက် ကျန်းမာရေးဌာန (၆)ခုတို့မှ ကျန်းမာရေးဝန်ထမ်း(၁၉၆)ဦးတို့ကို ပထမအကြိမ် ထိုးနှံပေးမည် ဖြစ်၍ ထိုးနှံပေးမည့် ကာလမှာ (၂)ရက်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)