ခရမ်း ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နေ့လယ် ၃ နာရီက ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင်က ကိုဗစ်-၁၉ ကာကွယ်ရေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ စနစ်တကျ ထိုးနှံပေးသွားမည်ဖြစ် ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ နေထိုင်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း (၂၃၆) ဦးတို့အား ဆေးထိုးစုရပ်၌ စတင်ထိုးနှံပေးခဲ့သည်။
ယနေ့ထိုးနှံပေးသော ကာကွယ်ဆေးသည် တစ်ကြိမ်နှင့်တစ်ကြိမ် ရက်သတ္တပတ်(၄)ပတ်ခြား၍ နှစ်ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဦးစားပေးအဖြစ် ကျန်းမာရေး ဝန်ထမ်းများအား စတင်ထိုးနှံ ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)