တနင်္သာရီ ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာ၊ တိုင်းရင်းဆေးကုဌာနတို့၌ တာဝန် ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းစုစုပေါင်း(၁၆၂)ဦးရှိသည့်အနက် မြို့နယ်ဆရာဝန်ကြီး အပါအဝင် (၉၃)ဦး အား ယမန်နေ့က ကုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံတိုးချဲ့ဆေးရုံ အတွင်းတွင် ကိုဗစ် ကာကွယ်ဆေး ကိုထိုးနှံပေးပြီးဖြစ်သဖြင့် ကျန်သည့်ကျန်းမာရေးဝန်ထမ်းများကို ယနေ့ ဇန်နဝါရီလ၂၈ရက် နံနက်၉နာရီ အချိန်မှစ၍ ဘေးကင်းစွာ ဆက်လက်ထိုးနှံပေးနေပြီ ဖြစ်ကြောင်း သိရှိရသည်။
တနင်္သာရီမြို့နယ် အတွင်း ကုတင်(၅၀)ဆံ့ဆေးရုံ(တစ်)ရုံ၊ တိုက်နယ်ဆေးရုံ(၃)ရုံ၊ ကျေးလက်ကျန်းမာရေး ဌာန(၄)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(၂၄)ခု၊ မြို့နယ်မိခင်နှင်ကလေးကျန်းမာရေးဌာန(တစ်)ခုနှင့် မောတောင်မြို့ ဆေးပေးခန်း(တစ်)ခု၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် အားကစား နှင့်ကာယပညာ ဦးစီးဌာနတို့မှဝန်ထမ်းများပါ စုစုပေါင်းဝန်ထမ်း(၁၆၂)ဦးရှိရာ ခရီးကွာဝေးလှသည့် တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ဆရာဝန်များနှင့်ဆရာ/ဆရာမများ(၉၃)ဦးကို ဦးစားပေးအစီအစဉ်ဖြင့် ဇန်နဝါရီ၇ရက်က ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ မြို့ပေါ်ရှိကုတင်(၅၀) ဆံ့ပြည်သူ့ဆေးရုံနှင့်ခရီးနီးသော ကျေးလက်ကျန်းမာရေးဌာနခွဲများမှဆရာ/ဆရာမများကို ဇန်နဝါ ရီလ၂၈ရက်နေ့မှာ (ဒုတိယ)နေ့အဖြစ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်း မာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်သိုက်ထွန်းထံမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)