ရွှေကျင် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ် ကာကွယ်ဆေးထိုးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ကုတင် (၁၀၀)ပြည်သူ့ ဆေးရုံ ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်း ၂၁၁ ဦး တိုင်းရင်းဆေးရုံနှင့် အားကာဦးစီးဌာန က ၅ ဦး စုစုပေါင်း ၂၁၆ ဦးအား အဖွဲ့(၃)ဖွဲ့ခွဲကာ ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ် စတင်ထိုးပေးခြင်းဖြစ်သည်။ "ဆေးထိုးပြီး မူးနောက်နောက်ဖြစ်တာ နှစ်ယောက်လောက် ပါဘဲ။ အချိုရည်သောက်တော့ ကောင်းသွားပြီး၊ တခြားဆိုးဆိုးဝါးဝါးတော့မရှိပါဘူး" ဟု ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဝင်းက ပြောသည်။
ယခုကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူများသည် နောက် ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးရမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)