မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)စတင်ထိုးနှံ

မောက်မယ် ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျန်းမာရေး  ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မောက်မယ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။

ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မောက်မယ်မြို့နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း(၇၆)ဦးကို ထိုးနှံပေးသွားမည်ဖြစ်သည်။

အဆိုပါနေရာသို့ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ် ကုသရေး မြို့နယ်အဆင့် ကော်မတီဥက္ကဋ္ဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးဟန်သူရ နှင့်အဖွဲ့ဝင်များ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဖွေးဟွမ်ဦးတို့က သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့် (မောက်မယ်)