သတင်းများ

ရပ်စောက်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအိမ်ထောင်စု(၇၃၆)စုအား ထောက်ပံ့ငွေ ပေးအပ်
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလ အတွင်း နိုင်ငံတော်မှ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန် ပုံမှန်ဝင်ငွေမရှိသော ထပ်တိုး တင်ပြ ထားသည့် အခြေခံလူတန်းစားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
ကျောက်တလုံးကြီးမြို့၊ နောင်ပစ်ကျေးရွာအုပ်စု၊ ပုံဖြွန်းကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် နောင်ပစ်ကျေးရွာအုပ်စု၊ ပုံဖြွန်း ကျေးရွာ၌ ၁၂/၀.၄ကေဗွီ၊ ၂၀၀ကေဗွီအေ ထရန်စဖော်မာဓါတ်အားခွဲရုံ(၁)ရုံ၊ ၄၀၀ဗို့ဓာတ်အားလိုင်း (၂.၅)မိုင်တည် ဆောက်ပြီးစီး၍လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၁၀နာရီခန့်က တောင်ကြီး မြို့နယ် မဲဆန္ဒအမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဦးခွန်ယွန်းနှင့် ကျောက်တလုံးကြီးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကျင်းပ
Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကမမောင်းမြို့တိုက်နယ်ဆေးရုံ၌ ကျန်းမာရေးဝန် ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံ
Jan 28,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ တိုက်နယ်ဆေးရုံ၌ ယနေ့နံနက် ၈ နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုစတင်ထိုး နှံပေးခဲ့ကြောင်းသိရှိရသည်။
မြောင်းမြမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံ
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီက မြောင်းမြမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်−၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်း
Jan 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ် မြို့ပေါ်ရပ်ကွက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင်ကျန်းမာ​ရေးဝန်ထမ်းများကို ကိုဗစ် ၁၉​​ရောဂါကာကွယ်​ဆေးစတင်ထိုးနှံ
Jan 28,2021
ရန်ကုန်​မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနတွင် ယ​နေ့ နံနက် ၁၀နာရီ အချိန်က ကာကွယ်​​ဆေးထိုးရန်ကိုယ်ပူချိန်တိုင်းခြင်း၊​သွေး​​ပေါင်ချိန်တိုင်းခြင်းတို့ ပြုလုပ် ပြီး စတင်ထိုးနှံ​ပေးလျက်ရှိ​ကြောင်းသိရသည်။
​ကော့ကရိတ်မြို့ တံတာကြီး​ကျေးရွာနှင့် မိဖာလဲ​ကျေးရွာတို့တွင်သွားလာရေး အဆင်ပြေစေရန် တံတားငယ်နှင့် မြေကာနံရံတည်ဆောက်ခြင်း ဆောင်ရွက်
Jan 28,2021
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် မိဖာလဲကျေးရွာနှင့် တံတားကြီး ကျေးရွာများတွင် ရွာတွင်းကွန်ကရစ်တံတားနှင့် မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ဇန်နဝါရီ လ ၂၅ ရက်နေ့၌ ကျေးရွာလူထုလုပ်အားဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။