သတင်းများ

လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ
Jan 29,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ် နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းဆတ်မြို့၌ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးထံမှ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ
Jan 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ Home Quarantine ထားရှိသူ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း အမျိုးသမီး တစ်ဦးထံမှ ယမန်နေ့ နံနက် (၁၁) နာရီခွဲက ကိုဗစ်-၁၉ ပိုးတွေ့ ရှိခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့နယ်အတွင်းရှိ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲခန့်က ဗန်းမော်ပြည်သူ့ဆေးရုံကြီးရှိ ကလေး ကုသဆောင် အဟောင်း၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံခြင်း အခမ်းအနားကျင်းပ
Jan 28,2021
စဉ့်ကူးမြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေ ၅နာရီခွဲ အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် ကော်မတီအတွင်းရေးမှူး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ထူးမြတ်နှင့် ကျန်းမာရေးဝန်ထမ်း များ စုစုပေါင်း အင်အား ( ၂၅ )ဦး တက်ရောက်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့ဝင်ဂိတ်တွင် အထူးကြပ်မတ် စစ်ဆေး ဆောင်ရွက်
Jan 28,2021
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ် တားဆီးရေးအတွက် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီသတ်ဦးစီဌာနနှင့်ဌာနဆိုင်ရာများက နံနက်(၆း၀၀)နာရီမှ ည(၁၁း၀၀)ထိ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရာ မြို့ဝင် လူဝင်/ လူထွက်စောင့်ကြပ်ကြည့်ရှု စစ်ဆေးမေးမြန်းခြ င်းတို့ကို ပုံမှန်မြို့ဝင်ဂိတ်တွင်နေ့ရောညပါဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ပန်းတောင်းမြို့ နယ် ညောင်ကုန်းကျေးရွာတွင် Drum Seeder ဧက (၅၀)မျိုးစေ့ချ စက်ကိရိယာဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ် ညောင်ကုန်းကျေးရွာတွင် Drum Seeder ဧက (၅၀) မျိုးစေ့ချ စက်ကိရိယာဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေ ပေးအပ်
Jan 28,2021
ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်( အရှေ့ပိုင်း) မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာ( ၃၂) ခုရှိပြီး ပုံမှန်ဝင်ငွေမရှိသော ထပ်တိုး အိမ်ထောင်စု အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း အဖွဲ့များက ယနေ့နံနက် ပိုင်းက ရပ်ကွက်များအတွင်း ထပ်တိုးအခြေခံလူတန်းစား အိမ်ထောင်စုများ အားလက်ဝယ် အရောက်ပေးအပ် ခဲ့ကြကြောင်း သိရသည်။